သင့်တင့်တဲ့ ဈေးနှုန်းလေးတွေနဲ့ပဲ ပေါ်လွင်တဲ့ Design လေးတွေ ကို Picil မှာ အပ်နိုင်ပါပြီ
Friday, December 19, 2014
အင်တာဗျူးခန်းထဲမှာ မေးလေ့မေးထအရှိဆုံးနဲ့ အရေးကြီးဆုံးမေးခွန်း
အင်တာဗျူးခန်းထဲမှာ မေးလေ့မေးထအရှိဆုံးနဲ့ အရေးကြီးဆုံးမေးခွန်းကတော့ Why do you want to work here? အခြားဆိုလိုရင်းတူတဲ့မေးခွန်းများစွာ လည်းရှိပါတယ်။ ဥပမာ Why do you want this job? Why do you want to work at our company? Why would you like to work for us? စသဖြင့်ပေါ့။ဒီမေးခွန်းကသာမန်၊သိပ်မထူးဆန်းတဲ့မေးခွန်းတစ်ခုလို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီမေးခွန်းဟာ သင်အလုပ်ရဖို့အတွက် အရမ်းကိုအရေးပါပါတယ်။ဒီတော့ဒီမေးခွန်းကို သင်ဘယ်လိုဖြေမလဲ? အောက်မှာ ဒီမေးခွန်းကိုဖြေဖို့ အကြံဥာဏ်အချို့ကိုဖော်ပြပေးထားပါတယ်။အလုပ်ခန့်မည့်သူတော်တော်များများက သင်ဟာသူ့ဆီမှာ အလုပ်ကြိုးစားမည့်သူလားဆိုတာကို ဒီမေးခွန်းနဲ့ အစ်ထုတ်တာပါ။ ၀န်ထမ်းခေါ်တယ်ဆိုကတည်းက သူတို့လုပ်ငန်းကိုချဲ့ထွင်ချင်လို့၊ ပိုးပြီးတိုးတက်ချင်လို့၊ ရေရှည်တည်မြဲချင်လို့ဆိုတာ သေချာပါတယ်။ ဒီတော့ သူတို့ကုမ္ပဏီမှာ လိုလိုလားလားနဲ့ သူတို့ရဲ့အလုပ်တွေကို စိတ်ဝင်တစားရှိတဲ့သူကိုပဲဦးစားပေးမှာပါ။#သင်လျှောက်ထားသောကုမ္ပဏီနဲ့ပက်သက်သမျှရှာဖွေဖတ်ရှုပါ။ယခုခေတ်မှာ ကုမ္ပဏီအများစုဟာ သူတို့ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွေရှိနေကြပါပြီ။ ဒါကြောင့် သူတို့ရဲ့ ၀က်ဘ်ဆိုဒ်ကို ၀င်ကြည့်ပြီး ကုမ္ပဏီအကြောင်းပိုမိုသိရှိအောင် ကြိုးစားပါ။ သူတို့မှာ Youtube Channel ရှိလား ရှာဖွေပါ။ အကယ်၍ရှိတယ်ဆိုရင် Youtubeကနေလည်း သူတို့ရဲ့ လက်တလော လှုပ်ရှားမှုတွေကို သိရှိနိုင်ပါတယ်။ သင့်လျှောက်ထားတဲ့ ကုမ္ပဏီရဲ့ရည်မှန်းချက်တွေ၊လုပ်ငန်းတွေ၊ ရေရှည် စီမံကိန်းတွေကိုရနိုင်သလောက်ရှာဖွေဖတ်ရှုပါ။#ဆောင်သင့်ရှောင်သင့်သည့်အရာများအဓိကအားဖြင့်ဒီမေးခွန်းကိုဖြေရာမှာ အဓိကအားဖြင့်သင်ပြောလို့ရတဲ့အကြောင်းအရာ (၅)ခုရှိပါတယ်။- သူတို့ကုမ္ပဏီအဓိကဘာလုပ်လဲ? အဲဒိအလုပ်နဲ့ပက်သက်ပြီး သင်ကဘာကိုစိတ်ဝင်စားတာလဲ?- သူတို့ကုမ္ပဏီမှာအလုပ်လုပ်ရတဲ့ပုံစံ? သင်ကဘယ်အရာကိုသဘောကျတာလဲ?- သူတို့ကုမ္ပဏီရဲ့လတ်တလောအောင်မြင်မှု၊ သူတို့တွေ့ကြုံနိုင်တဲ့အခက်အခဲ- သူတို့ကုမ္ပဏီရဲ့ ရေရှည်ရည်မှန်းချက်- သူတို့ကုမ္ပဏီကပေးတဲ့ Trainingများ၊ သင့်အတွက်တိုးတက်နိုင်မှုများသင်သူတို့ကုမ္ပဏီမှာဘယ်လောက်အလုပ်ချင်ကြောင်းကို ဒီအတိုင်းချည်းပြောနေမယ့်အစား အထက်ပါ (၅)ချက်ထဲက (၂)ချက်၊(၃)ချက်လောက်ကို သေသေချာချာပြောပြချင်းအားဖြင့် ဒီမေးခွန်းကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်မှာပါ။ဒါပေမယ့် သင်ဒီမေးခွန်းကိုဖြေတဲ့အခါ မပြောသင့်တဲ့အရာ တွေလည်း ရှိပါသေးတယ်။ ဥပမာ လစာကောင်းလို့၊အားလပ်ရက်ပေးတာများလို့၊ စသဖြင့်သင့်အကျိုးကျေးဇူးနဲ့ပက်သက်တာတွေကို မပြောသင့်ပါဘူး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment